မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၈၄လမ်း၊၄၁ လမ်းနဲ့၄၂လမ်းကြားမှာ ဇွန်လ၁၈ရက် မနက်၁နာရီခွဲက အမျိုးသားတစ်ယောက်ကို ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။
“ပုံမှန်အချိန်ဆိုရင်တော့ ၈၄လမ်းက လူသွားလူလာများတဲ့လမ်းပါ။ဓားခုတ်မှုဖြစ်တဲ့အချိန်ကလည်း မနက်၁နာရီကျော် အ ချိန်ကြီးဆိုတော့ ၈၄လမ်းပေါ်မှာ အသွား အလာနည်းပြီးရှင်းတဲ့အချိန်ဆိုတော့ ဒုစရိုက်သမားတွေအကြိုက်ပေါ့။ ဆိုင်ကယ် လုခံလိုက်ရတဲ့သူကလည်း ဒီအချိန်ကြီး ဘာအကြောင်းကိစ္စရှိလို့ တစ်ယောက် တည်း ထွက်လာရတာလဲတော့ မသိဘူး။ အခုတော့ လူကိုရန်ပြုခံရတဲ့အပြင် ဆိုင် ကယ်ပါ လုခံလိုက်ရတယ်´´လို့ မြို့ခံတစ် ယောက်ကပြောပါတယ်။
ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံခဲ့ရတဲ့ လူနာအမျိုးသားကို မဏီစလလူမှုကူညီရေး အသင်း(မန္တလေး)ကမော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
Photo– မဏီစလလူမှုကူညီရေးအသင်း (မန္တလေး)