မန္တလေးမြို့မှာ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၉လမ်း၊၇၁လမ်းနဲ့၇၂လမ်းကြားမှာ ဇူလိုင် လ ၂၀ရက်နံနက်၉နာရီခွဲခန့်က မီးလောင် မှုတစ်ခုဖြစ်ပွားခဲ့ရပြီး လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦး စီးဌာနက ကနဦးစုံစမ်းသိရှိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရတဲ့အကြောင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦး စီးဌာနကစိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ချမ်းအေး သာစံမြို့နယ်အတွင်းရှိမီးသတ်စခန်းများကမီးသတ်တပ်ဖွဲ့များ၊မီးငြှိမ်းသတ်ယာဉ်များ၊ရေသယ်ယာဉ်များဟာ လူမှုရေးအ သင်းအဖွဲ့များနဲ့ပူးပေါင်း မီးငြှိမ်းသတ် ပေးခဲ့ရပြီးနံနက် ၁၀နာရီမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *