အပူချိန်မြင့်တက်လာပြီး Heat Strokeဖြစ်ပွားတဲ့ လူနာများ ရှိလာ
မန္တလေးမြို့မှာ ဧပြီလစတုတ္ထပတ်အတွင်း နေ့အပူချိန်များ လွန်ကဲလာမှုကြောင့် မြို့ခံများအနေနဲ့ နေ့ လယ်ခင်းအချိန်များမှာ အိမ်အပြင်ထွက်ပါက အထူးသတိထားကြဖို့လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပါတယ်။
အသက်၄၅နှစ်နဲ့အထက် လူကြီးများအနေနဲ့ အပူဒဏ်ကို လူငယ်လူရွယ်များထက် ပိုမိုခံစားရနိုင်ပြီး မလို အပ်ဘဲ အိမ်အပြင်မထွက်ကြဖို့ လိုတယ်လို့လည်း သိရပါတယ်။
“အသစ်ထွက်လာတဲ့ GTH OUTLOOK အချက်အ လက်များအရလည်း မြန်မာနိုင်ငံမှာ မေလ ၁၄ ရက်နေ့အထိ အပူချိန်ဆက်လက်မြင့်မားနေနိုင်တယ်လို့တွေ့ရပါတယ်။ အချုပ်အားဖြင့်ပြောရရင်တော့ မေလလယ်လောက်အထိ နေ့ညအပူချိန်တွေဆက်ပြီး မြင့်နေပါဦးမယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ ဒေသတွေမှာတော့ ပင်လယ်ကတိုက်ခတ်လာတဲ့လေကြောင့် အပူချိန်လျော့ ကျသက်သာနိုင်ပါတယ်။ ထို့အတူ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ကချင်ပြည်နယ်လို တောတောင်ထူထပ်နေဆဲဒေသတွေမှာ မြေပြန့်လွင်ပြင်ဒေသတွေထက်စာရင် အပူ ချိန်လျော့ကျနေတာတွေ့ရပါမယ်”လို့ မိုးလေဝသပညာ
ရှင်ဦးဝင်းနိုင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောကြားထားပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနဲ့မြစ်ဝ ကျွန်းပေါ်ဒေသများမှာ ဧပြီလကုန်ခန့်အထိ အပူချိန်များ ထပ်တိုးလာနိုင်တယ်လို့ သတင်းထုတ်ပြန်ထား
ပါတယ်။
Photo- မဏီစလ



