မန္တလေးမြို့မှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်၅ရပ်ကွက်၊ ၆၈လမ်း၊ ၁၁၁လမ်းနဲ့၁၁၂ကြားမှာ ဇန်နဝါရီလ၁၀ရက်မနက်၁နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အ သက်(၆၅)နှစ်ခန့် အိမ်ရှင်အမျိုးသားတစ်ဦး မီး လောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“မီး ဘယ်လို ဘယ်လိုလောင်တယ်ဆိုတာတော့ သေချာမသိဘူး။မီးစလောင်တဲ့အချိန်က ဖုန်းဖုန်း ဆိုတဲ့အသံတွေတော့ ထွက်လာတာကြားမိတယ်။မီးလောင်သွားတာကတော့ RC နံကပ်နှစ်ထပ်တိုက်တစ်လုံးထဲပါ။မီး လောင်တဲ့အချိန် နေအိမ်အပေါ်ထပ်က အခန်းထဲမှာရှိနေတဲ့ အိမ်ရှင်အမျိုးသားကြီးတစ်ယောက်တော့ မီးဘေးသင့်ပြီး သေသွားခဲ့တယ်”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီး အ တွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ရေယာဉ် (၉)စီး၊ လူမှုကူညီရေးအသင်းများ၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့လူမှုညီရေးအ သင်းသားများက သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *