မန္တလေးမြို့ပတ်လမ်းမှာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးပြီး ဆိုင်ကယ်လုယက်ခံခဲ့ရ

မန္တလေးမြို့၊မြို့ပတ်လမ်း၊၄၁လမ်းနဲ့၄၂လမ်းကြားမှာ ဇန်နဘဝါရီလ၂၄ရက် ညနေ၅နာရီ၁၅မိနစ်ခန့်က အမျိုးသမီးတစ် ဦးကို ဓါးနဲ့ထိုးပြီး သူမရဲ့ ကလစ်ဆိုင်ကယ် လုယက်ခံခဲ့ရတယ်လို့ ဆိုင်ကယ်လုယက်ခံခဲ့ရသူအ မျိုးသမီးကသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေး သားထားပါတယ်။

ဆိုင်ကယ်လုယက်ခံခဲ့ရသူအမျိုးသမီးကသူမရဲ့လူ မှုကွန်ယက်စာမျက်နှာမှာ “ဒီနေ့ညနေ၅နာရီ ၁၅မိနစ်လောက် မြို့ ပတ်လမ်း၄၁-၄၂ကြားမှာ ဓားနဲ့လှမ်းထိုး​ပြီးဆိုင်ကယ်လုခံရပါတယ်။ဖုန်းလဲပါသွားတယ်။ကံ ကောင်းလို့မ​သေ လူကတော့ကြီးကြီမားမားဒဏ်ရာတော့မရပါဘူး။ဆိုင်ကယ်နံပါတ်က (75w/53517) ပါ။သူငယ်ချင်းအားလုံးကိုအကူအညီတောင်းပါတယ်။တွေ့ခဲ့သည်များရှိရင် ကူညီကြပါအုံးနော်။အမှု့လဲဖွင့်ထားပါတယ်။မှတ်ချက် – အလုပ်နှင့်ပတ်သက်သော စာရွက်စာတန်းများနဲ့ ဘောင်ချာများပါ ပါသွားပါတယ်။ကျေးဇူးပြု၍ ကျမ မဟုတ်ပဲငွေလာကောက်ပါကမပေးပါရန်မေတ္တာရပ်ခံပါတယ် ဆေးဆရာညီအကိုမောင်နှမများနှင့် Customers များအားလုံးရှင့်”လို့ ရေးသားပါတယ်။

မန္တလေးမြို့ပေါ်မှာ ကလစ်နဲ့စကူဖီးဆိုင်ကယ်စီးသူများကို အဓိကထားပြီး လူကိုအသက်အန္တရာယ်ချိန်းခြောက်ပြီး ဆိုင်ကယ်လုယူများကို သက်ဆိုင်ရာကနေ ထိရောက်စွာဟန့်တားအရေးယူနိုင်ခဲ့တာ မရှိသေးဘူးလို့ မန္တလေးမြို့ခံများက တညီတညွတ်တည်း ပြောဆိုလျှက်ရှိပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *