မန္တလေးမြို့နဲ့အနီးပတ်ဝန်းကျင်မှာ အင်အားအနည်း ငယ်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့

မန္တလေးမြို့နဲ့အနီးပတ်ဝန်းကျင်မှာ ဒီဇင်ဘာလ၃၁ရက်နေ့ လယ်၁၂နာရီ၇မိနစ်ခန့်က အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံများက ပြောကြားခဲ့ပါတယ်။

“ငလျင်လှုပ်တာ သုံးလေးစက္ကန့်လောက်ပဲတအားမကြာဘူး။အထက်အောက်ခါယမ်းသွားတာ။နည်းနည်းတော့ ကြမ်းတယ်။တစ်ခါတည်း လှုပ်သွားတာ”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

မန္တလေးမြေငလျင်စခန်းရဲ့တိုင်းထွာချက်အရ မြေင လျင်စခန်းမှ တောင်ဘက် (၁၆) မိုင်ခန့်ကွာဝေးတဲ့ မြန် မာနိုင်ငံ ပြည်တွင်း (စဉ့်ကိုင်မြို့ရဲ့အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၆.၁၃) ဒီဂရီ၊ အနက် (၁၀) ကီ လိုမီတာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိရစ်(ခ်) တာစကေး (၃.၅) အဆင့်နဲ့လှုပ်ရှားသွားခဲ့တာလို့ သိရပါတယ်။

မြေငလျင်လှုပ်ရှားမှုကို ပြည်ကြီးတံခွန်၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ချမ်းအေးသာစံ၊အောင်မြေသာစံ၊အမရပူရ၊စဥ့်ကိုင်နဲ့ကျောက်ဆည်မြို့နယ်များနေ ပြည်သူ များ ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *