မန္တလေးမြို့တော်ဥယျာဥ်အနီးမှာ ဦးခေါင်းဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနဲ့အပေါ်ကမ်း နားလမ်းဒေါင့်၊မြို့တော်ဥယျာဥ်အနီးမှာ စက်တင်ဘာ၂၆ ရက်ည၉နာရီ၂၀မိနစ်က ဦးခေါင်းဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Photo- နိဗ္ဗာန်သုခလူမှုကူညီရေးအသင်း

သေဆုံးနေသူရဲ့ မိသားစုဝင်များနဲ့အဆက်အသွယ်မရသေး ဘဲ ရုပ်အလောင်းကို နိဗ္ဗာန်သုခလူမှုကူညီရေးအသင်း မော်တော်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *