မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် ထောင်ဒဏ်နှစ်နှစ် ထပ်မံ ချမှတ်ခံရ

ပုဒ်မ ၅၀၅-ကဖြင့် အရင် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရပြီးဖြစ်

မန္တလေး၊ ဖေဖေါ်ဝါရီ ၃

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင်ကို ပုဒ်မ(၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့်အိုးဘိုအကျဉ်းထောင်တွင်းအထူးတရားရုံးကနေဖေဖော်ဝါရီလ၃ရက်က ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သော အသိုင်းအဝိုင်းကနေ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်စည် ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျကိုလည်း ဒေါက်တာရဲလွင်ကို စွဲဆိုခဲ့တဲ့ပုဒ်မနဲ့ပဲ အိုးဘိုထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ဒေါက်တာရဲလွင်နဲ့အတူ တစ်ရက်တည်းပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာရဲလွင်နဲ့ဦးကျော်ဇေယျတို့ဟာကို ပုဒ်မ ၅၀၅-ကဖြင့် အရင် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရပြီးဖြစ်ပေမယ့် ပုဒ်မ (၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ ထပ်မံတရားစွဲတာကို ခံခဲာာ့ပြီး အခုလိုထောင်ဒဏ် ထပ်မံချမှတ်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

All reactions:

99

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *