မန္တလေးမြို့က နေရာ ၃ခုမှာ တစ်နာရီခြားပြီးပေါက်ကွဲမှု၃ခုဖြစ်ပွားခဲ့

မန္တလေးမြို့က နေရာ ၃ခုမှာ တစ်နာရီခြားပြီး ပေါက်ကွဲမှု၃ခု နိုဝင်ဘာလ၂၈ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမရပူရ၊အိုးတော်ရပ်ကွက်ရုံးနဲ့မန္တလေးကန်တော်ကြီးမီးပွိုင့်တို့မှာကတော့ ဒီနေ့မနက်၆နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်ထွေအုပ်ရုံးမှာကတော့ မနက် ၇နာရီလောက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး လူအသေအပျောက်နဲ့ပျက်စီးဆုံးရှုံးမှုကို မသိရသေးသလို ဘယ်အဖွဲ့ကလုပ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *