မန္တလေး၊ မတ် ၂၁
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊လမ်း၃၀၊၆၈လမ်းနဲာလမ်း၇၀ကြားက ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ မတ်လ ၂၁ရက် မနက် ၁၁နာရီကျော်က ယောက်ျားလေး ရင် ချင်းဆက်အမြွှာ၂ဦးကို အထူးကုဆရာဝန် ကြီးတွေက အောင်မြင်စွာ မွေး ဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မွေးဖွားခဲ့သူဟာ ရမည်းသင်းမြို့မှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။
အမြွှာ၂ဦးရဲ့ ကိုယ် အလေးချိန်က (3.8kg)ရှိပါတယ်။ ဗဟို အမျိုးသမီးဆေးရုံကြီး(မန္တလေး)နှင့်ကုတင် (၅၅၀) ကလေး ဆေး ရုံကြီးတို့က အထူး ကုဆရာဝန်ကြီးတွေအနေနဲ ရင်ချင်းဆက် အမြွှာ၂ဦးရဲ့ကျန်း မာရေးကို အနီးကပ် ပြုစု စောင့်ရှောက် ပေး လျက်ရှိပြီး လတ်တ လောအချိန်မှာ ရင်ချင်းဆက်အမြွှာ၂ဦးကို ဗဟိုအမျိုးသမီး ဆေးရုံကြီး (မန္တလေး)ရဲ့ မွးကင်းစ ကလေး အထူးကြပ်မတ်ကုသဆောင် (NICU)မှာ ထားရှိထားတယ်လို့ သိရပါတယ်။