မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ အကျဉ်းသား/အကျဉ်းသူ ၇၅၁ဦး လွတ် ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အမိန့်အမှတ် ၅၁ /၂၀၂၃အရ အကျဉ်း ထောင်/အချုပ်ထောင်/စခန်းအသီးသီး ပြစ်ဒဏ်ကျခံလျက်ရှိတဲ့အကျဉ်းသား/သူများကိုသြဂုတ်လ၁ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာမှာ မန္တလေးဗဟို အကျဉ်းထောင်(အိုးဘို)မှ အကျဉ်းသား/အကျဉ်းသူ ၇၅၁ဦး လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့တယ်လို့ အိုးဘိုအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်အများကြီး ပေးမှာလို့ ကြားလို့ အိုးဘိုမှာ နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ သားကို ထောင်ရှေ့ကနေ မနက်၈နာရီကတည်းက လွတ်များ လာ မလားလို့ သွားစောင့်နေတာ ညနေ၆နာရီ သာကျော်သွားတယ်။လွတ်လာတဲ့သူတွေ ထဲ ကျနော်ရဲ့သား ပါမလာဘူး။ စိတ်မ ကောင်းတော့ဖြစ်မိပါတယ်။ဘယ်တတ် နိုင်မလဲ နောက်တစ်ခါ လွှတ်ပေးမယ့် အချိန် ထပ်ပြီးသွားစောင့်ရမှာပေါ့´´လို့နိုင်ကျဉ်းတစ်ဦးရဲ့ ဖခင်ဖြစ်သူက မချိတင် ကဲပြောပါတယ်။

မန္တလေးမြို့ခံနိုင်ငံရေးသမားတစ်ဦးက“ ဒီနေ့အိုးဘိုကနေ လွှတ်ပေးတဲ့အထဲမှာ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းမှာ လူသိများ ထင်ရှားတဲ့သူတွေ သိပ်မပါ ဘူး။ဆန္ဒပြကြတုန်းက အဖမ်းခံခဲ့ရတဲ့ အချို့တော့ လွတ်တယ်ကြားမိတယ်´´ လု့ိ ပြောပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး လွတ် မြောက်တဲ့ အကျဉ်းသား/အကျဉ်းများ အနက် နိုင်ငံရေး ပုဒ်မနဲ့အကျဉ်း ကျခံနေ ရပြီး ပြန်လည်လွတ် မြောက်လာသူ နည်း တယ်လို့ နိုင်ကျဉ်းအသိုင်းအဝိုင်း ကနေ သိရပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *