- မန္တလေးက လူသွားလူလာနည်းတဲ့နေရာတွေမှာ ဓါးခုတ်လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေ
မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ၊ ၁၄လမ်း၊၆၅ လမ်းနဲ့၆၆လမ်းကြားမှာ မေလ၁၄ရက် ည၉နာရီကျော်က ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦး ဓါးခုတ်လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါးခုတ်လုယက်မှုဖြစ်ပွားရာနေရာကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်ပြီး ဒဏ်ရာသူနှစ်ဦးကို First Aid လုပ်ငန်းများ ပြုလုပ်ပြီး လို အပ်တဲ့ကုသမှုများ ထပ်မံပြုလုပ်ဖို့ မန္တလေးပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo- Thein Tun Aung
Visited 36 times, 1 visit(s) today



