မန္တလေးတွင် မိုးသက်လေပြင်းကျ၊နေအိမ်အချို့အမိုးလန်ကာ သစ်ပင်အချို့ပြိုလဲ

မန္တလေး၊ ဧပြီ ၂၁

မန္တလေးမြို့တွင် ၂၀၂၃ ဧပြီ၂၁ရက် ညပိုင်းက မိုးနှင့်အတူလေပြင်းများတိုက်ခတ်သည့်အတွက် မန္တလေးမြို့ ၂၅လမ်း၊ ၈၇ လမ်း ၈၇Aလမ်း၊၈၆လမ်း ၂၄လမ်း အထက ၉ကျောင်းရှေ့၊၈၇E ၂၃ A လမ်း၊၈၇လမ်း ၈၇Aလမ်း ကြား ၂၄လမ်း၊ရေကြည် ရပ်ကွက် ၈၇လမ်း၊၈၄လမ်း/ ၄၀×၄၁လမ်းကြားပေါ်၊ ၃၆လမ်း/ ၈၅×၈၆လမ်းကြားရှိဒဟတ္တောဘုရားအရှေ့ပေါက်၊၈၉ လမ်း/ ၄၀×၄၁လမ်းကြား ကင်းဝန်မင်းကျောင်းတိုက်အပေါက်ရှေ့စသည့်နေရာများတွင် သစ်ပင်အချို့ပြိုလဲခြင်းနှင့် နေအိမ်အချို့ အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည်ဟုသိရသည်။

ဓါတ်ပုံများ-East Marlar Volunteer Fire Brigade၊မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့

မိုးသက်လေပြင်းကျအပြီး တွေ့ရပုံ

Leave a Reply

Your email address will not be published. Required fields are marked *