မန္တလေးတွင် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ပြုလုပ်မည်

မန္တလေးမြို့တွင် ၂၀၂၄ခုနှစ် နှစ်သစ်ကူးသည့်အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲကို မန္တလေးကျုံးအရှေ့တောင်ထောင့် (၂၆ လမ်းနှင့်၆၆လမ်းထောင့်)မှာ ဒီဇင်ဘာ လ၃၁ရက်နေ့ ညနေ ၆နာရီမှ စတင်ပြီး ပြုလုပ်သွားမှာဖြစ်ကြောင်း မန်းစည်ပင်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲပြုလုပ်မည့် ဒီဇင်ဘာလ၃၁ရက်နေ့ ညနေ ၆နာရီမှ စတင်ကာ ပွဲပြီးသည့်အချိန်အထိ၂၄ လမ်း နှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၅ လမ်းဆုံ၊ ၂၇ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၈ လမ်းဆုံတို့အား မည်သည့်ယာဉ်မှ ဝင်ခွင့်မပြုဘဲ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ၁၉ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၂ လမ်း ဆုံ၊ လမ်း ၃ဝ နှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၇၃ လမ်းဆုံတို့တွင် လမ်းလွှဲ၍ ပွဲတော်လာယာဉ်များနှင့် အ ဆိုပါနေရာများအတွင်း နေထိုင်သည့် ယာဉ်များသာ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး ပွဲကျင်းပရာဖြစ်သည့် ၂၆ လမ်းနှင့် ၆၆ လမ်းဆုံတွင် ဖြတ်သန်းသွားမည့် ယာဉ်များကို ဝင်ခွင့်မပြုဘဲ တခြားလမ်းလွှဲမှ မောင်းနှင်ဆောင်ရွက်စေမည်ဖြစ်ကြောင်းလည်း သိရသည်။

နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွင် ဖျော်ဖြေရေးအစီအစဥ်အဖြစ် နိုင်ငံကျော်အနုပညာရှင်များဖြစ်သော ဂျက်မြသောင်း၊ ထူးအယ်လင်း၊ သားစိုး၊ မယ်လိုဒီ၊ ဆူဇီ၊ ဇော်ကို၊ မီးနို၊ ထွန်းရတီ၊ ဂေးဂေး၊ ကေကေမိုး၊ ဇာနည်အောင်တို့မှ မန်းစည်ပင်ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုး ရာဆိုင်းဝိုင်းတော်ကြီး၊ DJ အဖွဲ့တို့ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *