မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မန္တလေးတောင် ဂေါက်ကွင်းအနီးမှာ ဇွန်လ၆ရက်မနက်၅နာရီခန့်ကလိုက်ထရပ်ကားတစ်စီးက ဆွမ်းခံထွက်လာတဲ့ အသက်၉၀ကျော်အရွယ် သံဃာတော်တစ်ပါးကို တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကားနဲ့တိုက်မိခဲ့တဲ့ သံဃာတော်ကြီးမှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ သံဃာတော်နဲ့မိသားစုတော်စပ်ဆီက သိရပါတယ်။
ကားနဲ့တိုက်မိပြီး ပျံလွန်တော်မူသွားခဲ့တဲ့ သံဃာတော်ရဲ့သားမက်တော်စပ်သူက “ယနေ့မနက်၅နာရီခန့်က ကျွန်တော်ရဲ့အဖေ(ယောက္ခထီး)ဘုန်းကြီးသက်တော်( ၉၃ )ဝါတော် (၂၅)ဝါဟာ မန်းလေးတောင် အနောက်ဘက်ဂေါက်ကွင်းအနီး ဆွမ်းခံသွားရင်းလိုက်ထရပ်ကားနဲ့ တိုက်မိပြီး အတူပါလာတဲ့ဦးဇင်းကို ဆေးခန်းပို့ပေးမယ် ပြောသွားပြီး ခေါ်ဆောင်သွားကာ တောင်ခြေသစ်ပင်အောက်မှာ လူမဆန်စွာစွန့်ပြစ်သွားပြီး မိသားစုဝင်များလိုက်ရှာတဲ့အခါ ပျံလွန်တော်မူသွားတာကို သိရပါတယ်´´လို့ ပြောပါတယ်။
သံဃာတော်ကြီးကို တိုက်မိခဲ့တဲ့ လိုက်ထရပ်ကားနံပါတ်မှာ MDY 8B/4277 ဖြစ်တယ်လို့လည်း သိရပါတယ်။
