ထင်ရှားတဲ့ မန္တလေးက နိုင်ငံရေးသမားအချို့ ပြန်မလွတ်ကြသေး
၂ မတ်၊၂၀၂၄
ဖမ်းဆီးထောင်ကျခံနေရတဲ့ မန္တလေးတိုင်းNLD အတွင်းရေးမှူး ဦးတင်ကိုကို ဒီရက်ထဲမှာ လွတ်ရက်စေ့နဲ့ ပြန်လွတ်လာပါတယ်။
ကျန်းမာရေးအထူးကောင်းမွန်တာမို့ မိတ်ဆွေနိုင်ငံရေးသမားတွေက ဝမ်းသာနေကြပါတယ်။
ဒီလိုပဲ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာဖို့လည်း မျှော်လင့်နေကြပါတယ်။
ဦးတင်ကိုကို ကို ကိုဗစ်ကာကွယ်ရေးအတွက် ၂၀၂၁ နှစ်ဆန်းပိုင်းက မန္တလေးကျုံးထောင့်မှာ ပြုလုပ်ခဲ့တဲ့ အသိပညာပေးပွဲမှာ လူစုလူဝေးနဲ့ ပြုလုပ်ခဲ့လို့ဆိုပြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဝန်ကြီးဦးဇာနည်အောင် တို့နဲ့အတူ အမှုဖွင့်ခံခဲ့ရပြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) နဲ့ ထောင်၂နှစ်၊ရွေးကောက်ပွဲအပြီး ပြီးခဲ့တဲ့ကိုဗစ်ကာလဖြစ်တဲ့ ၂၀၂၀နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲနေ့ ညပိုင်း က ၆၂ လမ်း NLD ရုံးရှေ့မှာ လူစုလူဝေး ဖြစ်ပွါးစေခဲ့လို့ဆိုပြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က)နဲ့ ထောင်၂နှစ်ချခံခဲ့ရတာပါ။
သူဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ဖမ်းခံလိုက်ရတာပါ။
ပြီးခဲ့တဲ့ နှစ်က မန်းမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ပြန်လွတ်လာတာ ရှိပါတယ်။



