မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါ်ဝင်းမြမြ ပြန်လွတ်လာ

မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါ်ဝင်းမြမြဟာ ပုဒ်မ ၅၀၅(က)နဲ့ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်၃နှစ်ကျခံနေရာကနေ မေလ၁၂ ရက်နေ့မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအသိုင်း အ ဝိုင်းကနေသိရပါတယ်။

ဒေါ်ဝင်းမြမြဟာ ၂၀၂၁ခုနှစ်ဖေဖော် ဝါရီလ၂၇ရက်က ဆန္ဒပြပွဲတွေမှာ ဦး ဆောင်ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးတာခံခဲ့ရပြီး ၂၀၂၁ခုနှစ်ဇွန်လ၂၉ရက်မှာ ပုဒ်၅၀၅(က)နဲ့ ထောင်ဒဏ်(၃)နှစ်ချမှတ် ခံခဲ့ရတာလို့ သိရပါတယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်ဝင်း မြမြဟာ စဥ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေး ခံခဲ့ပြီး အနိုင်ရရှိထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *