ဖုန်းအားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တာဖြစ်

ဓါတ်ပုံ။ သန်းဌေး
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဉ္ဇနမဟီရပ် ကွက်၊လမ်း၃၀၊၇၆လမ်းနဲ့၇၇လမ်းကြား၊မန္တလေးပြည်သူ့ဆေးရုံကြီးရှေ့က …အမည်နဲ့နေအိမ်အဆောက်အဦတစ်လုံးမှာ မတ်လ၂၅ရက် ညနေ၄နာရီခွဲက ဖုန်းအားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုကြောင့် အဆောက်အဦးအတွင်းပိုင်းနဲ့အ တွင်းပစ္စည်းများ မီးလောင်ဆုံးရှုံခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီးမီး သတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးစီးတဲ့ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦးနဲ့အရံ(၅၀)ဦးတို့က မီးငြိမ်းသတ်ယာဉ်(၇) စီး၊ ရေသယ်ယာဉ်(၃)စီးနဲ့အုပ်ချုပ်မူယာဉ်(၂)စီးတို့နဲ့ မီးငြိမ်းသတ် ပေးခဲ့ရာ မီးလောင်မှုစတင်ဖြစ်ပွားပြီး မိနစ်၂၀ ကျော်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo- Than Htay
Visited 64 times, 1 visit(s) today



