မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၃) ရပ် ကွက်၊ ၆၀ လမ်းနဲ့ ၁၀၇လမ်းထောင့်က အမရာနဒီဟို တယ်၊အခန်းအမှတ်(၁၀၅)အနီးမှာ နိုဝင်ဘာလ၆ရက်ညနေ၄နာရီကျော်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဥ်အတွင်း လူထိခုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲအဝေးထိန်းရိမုမိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် ဟိုတယ်အဆောက်အဦနံရံ ပွင့်ထွက်ပျက်စီးကာ ပြတင်းပေါက်မှန်များကွဲအက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
Visited 1 times, 1 visit(s) today