မန္တလေးမြို့က တည်းခိုခန်းတစ်ခုမှာ စက်တင်ဘာလ၂၁ရက်မနက်ပိုင်းက သံဃာတော်တစ်ပါး ခေတ္တတည်းခိုရင်း ပျံလွန်တော်မူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံဃာတော်ပျံလွန်တော်မူခဲ့တာနဲ့ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ်သာသနာတော်ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်တစ်ပါးက” မနေ့ညပိုင်းမှာ ကိုယ်တော်တစ်ပါး ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ဖို့ အလာမှာ အချိန်မရတာကြောင့် နီးစပ်ရာ တည်းခိုးခန်းတစ်ခုမှာ ဝင်ရောက်တည်းခိုခွင့်တောင်းရာ အခြားနေရာသွားရောက်ဖို့ မလွယ်ကူတော့တာကြောင့် တည်းခိုခန်းကလည်း သနားပြီး တည်းခိုခွင့် ပြုလိုက်ပါတယ်။တည်းခိုခန်း တည်းခိုခ မပါလို့ ပါလာတဲ့ ဟန်းဆက်ကို အရောင်းခိုင်းပြီး တည်းခိုခန်းခနှင့်ဆေးဝယ်ဖို့ ခိုင်းထားပါတယ်။မနက်ပိုင်း အရုဏ်ကပ်ဘို့ အခန်းတံခါးဖွင့်ကြည့်တော့ အသက်မရှိတာ တွေ့ရပါတယ်။အပ်ထားတဲ့ ဟန်းဆက်ထဲကပဲ အဆက်အသွယ်လိုက်ရှာတော့ သူ့အဖေနဲ့အမျိုးများဆီ အဆက်အသွယ်ရပါတယ်။ဇာတိက တန့်ဆည်နယ်ကဆိုတော့ သူ့အဖေနှင့် အမျိုးများလည်း လမ်းခရီးအခြေအနေအရ မလာနိုင်ကြောင်း အကြောင်းပြန်ပါတယ်။သူအဖေနှင့်အမျိုးများ ခွင့်ပြုချက်နှင့်ပဲ ဆေးရုံကြီး အအေးတိုက်ကို ပို့ကာဆောင်ရွက်စရာ ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြပါတယ်”လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်။