မန္တလေးက ဆယ်သန်းရွှေဆိုင် ဓါးမြတိုက်ခံရ

၁၉ ဇန်နဝါရီ၊၂၀၂၄

မန္တလေးမြို့၃၉လမ်း၈၄/လမ်း၈၅ လမ်းကြားရှိ မန်းမြို့စျေး(ရဟိုင်းစျေး) မှာရှ်ိတဲ့ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂ ပိဿာ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက်ပိုင်းအချိန်က လုယက်ဓားပြတိုက်ခံရတာဖြစ်ပြီး၊ရဲတွေလာရောက်စစ်ဆေးနေတယ်လို့မြို့ခံအချို့ကပြောပါတယ်။

“သေနတ်နဲ့လာတိုက်တာလို့ပဲကြားတယ်။မန်းက​ရွှေဆိုင်တွေမကြာခဏတိုက်ခံနေရတာ လုံခြုံရေးထားလဲ သေနတ်ပါရင်ကြောက်ရတာပဲ”လို့မန္တလေးမြို့ခံတဦးက​ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလဲမန္တလေးမြို့အောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်များအားလုံး ပါသ တိုယိုတာမတ်တူးကားအဖြူနဲ့လာရောက် ဓားပြတိုက်သွားခဲ့ဖူးတယ်လို့သိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *