မန္တလေးကျုံးမြောက်ဘက်ခြမ်းမှာ စိတ်ဝေဒနာရှင် တစ်ဦးကျုံးထဲ ပြတ်ကျသေဆုံး

မေ(၂၀)၊မန္တလေး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်း x ၇၄ လမ်းကြား၊ ကျုံးမြောက်ပေါက်တံတားအနီးမှာ မေလ၂၀ရက်မနက်၈နာရီ၄၅မိနစ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦး ကျုံးထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

“ဘလိုဖြစ်ပြီး ရေထဲပြုတ်ကျသွားတာလဲတော့ သေ ချာမသိဘူး။ပြုတ်ကျသွားတဲ့သူက စိတ်ရောဂါရှိတဲ့သူလို့ ပြောတာကြားမိတယ်။ကျုံးရေပြင်ထဲ ပြုတ်ကျသွားတာကို ပတ်ဝန်းကျင်ပ သိလို ကယ်ပေမယ့်အသက်မမီတော့ဘူး အလောင်းကိုပဲ ပြန်ဆယ်ပေးနိုင်ခဲ့တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စိတ်ဝေဒနာရှင် ကျုံးရေပြင်ထဲပြုတ်ကျရာကို အောင်မြေသာစံမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ရာ ရုပ်အလောင်းကို မနက်၉နာရီ၁၅မိနစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး စေတနာ၊ မေတ္တာ၊ ကရုဏာလူမှုကူညီရေးအသင်းက ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်​ပေးခဲ့တယ်လို့သိရပါတယ်။

Photo- MFSD

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *