မန္တလေးကမ်းနားလမ်း ရှမ်းလေးကျွန်းရွာနားမှာ သံဃာ တော်တစ်ပါး ဆိုင်ကယ်လဲပြီး ပျံလွန်တော်မူခဲ့

မန္တလေးမြို့၊အမရပူရမြို့နယ်၊ဧရာဝတီမြစ်ကမ်းနားလမ်း၊ရှမ်းလေးကျွန်းရွာအနီးမှာ ဒီဇင်ဘာလ၉ရက်နေ့ လယ်၁၂ နာရီခန့်က သံဃာတော်တစ်ပါး ဆိုင်ကယ်လဲပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သင်္ကန်းစက ဆိုင်ကယ်နောက်ဘီးထဲ ညှပ်ပြီး ဆိုင်ကယ်လဲတဲ့အခါမှာ ဦးခေါင်းက လမ်းနဲ့ ရိုက်မိပြီး ပျံ လွန်တော်မူသွားတာနေမှာပါ။ဘယ်ကျောင်းမှာ သီတင်း သုံးတဲ့ သံဃာတော်လည်းတော့ မသိဘူးဗျ။ကမ်းနားလမ်းပေါ်မှာ ကတော့ စစ်ကိုင်းဘက်က သံဃာတွေ ဆိုင်ကယ်စီးပြီး မန္တလေးမြို့ပေါ်ကို အလှူခံလာတတ်ကြတယ်”လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ သံဃာတော်ရဲ့ ရုပ်အလောင်းကို မိုးဃ်းကောင်းယသ လူမှုနာမှုကူညီရေးအသင်းက မော် တော်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *