မန္တလေးကန်တော်ကြီးမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးကန်တော်ကြီး၊တက်သေးအင်း ကန်ပတ်လမ်း၊ကုက္ကိုလ်ကျွန်းစား သောက်ဆိုင်အနီးမှာ ဇန်နဝါရီ လ၁၆ရက်မနက်၁၁နာရီခန့်က အမျိုး သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်သူအသိုင်း အဝိုင်းက သိရပါတယ်။

သေဆုံးသွားသူဟာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကန်တော်ကြီးပတ်လမ်းမှာ ဆိုင်ကယ်မောင်းနှင်နေချိန် ဦးခေါင်းကို သေနတ်နဲ့ပစ်ခံရတာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာကို လုံခြုံရေးအဖွဲ့က လာရောက်စစ် ဆေးခဲ့ပြီး သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို လူနာတင်ယာဥ်နဲ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရကတော့ သေဆုံးသွားသူဟာ PDFတပ်ဖွဲ့ဝင်အချင်းချင်း နှုတ်ပိတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *