မနီလာလေဆိပ်မှာလျှပ်စစ်မီးပြတ်တောက် ပြည်တွင်းလေကြောင်းစဉ်၄၀ ဖျက်သိမ်းခဲ့ရ

မနီလာ၊ မေ ၁

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့လေဆိပ် Terminal 3 မှာ မမျော်လင့်တဲ့  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု တစ်ခု ဖြစ်ပြီး ပြည်တွင်း Cebu Pacific လေကြောင်းခရီးစဉ် ၄၀ နီးပါးကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

“မီးပြတ်တောက်မှုကြောင့် လေယာဉ်ပျံသန်းမှု နှောင့်နှေးမယ်လို့ မျှော်လင့်ရပါတယ်” ဆိုပြီး နစ်နွိုင် အာကွီနို အပြည်ပြည် ဆိုင်ရာ လေဆိပ် ဖေ့စ်ဘွတ်မှာ  ဓာတ်အားပြတ်တောက်ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောတာမျိုး မပါတဲ့ ပို့စ်တစ်ခု ကို တာဝန်ရှိသူတွေက တင်ထားတယ်လို့ ဆိုပါတယ်။

လေဆိပ်အော်ပရေတာနဲ့  ဓာတ်အားပေးသွင်းသူ မနီလာလျှပ်စစ်ကုမ္ပဏီတို့ဟာ  ခရီးသွားရာသီမြင့်တက်နေတဲ့ အချိန် ကြုံတွေရတဲ့ လျှပ်စစ်ဓာတ်အား ချို့ယွင်းမှု အကြောင်းရင်းကို ရှာဖွေနေပြီး ဖိလစ်ပိုင်နိုင်ငံသား အများ အပြားကလည်း  သီတင်းပတ်ကုန် သုံးရက်အကြာမှာ ရပ်ဝေးခရီးကနေ နေရပ်ကို ပြန်လာဖို့ ရျိနေတယ်  လို့ လည်း သိရပါတယ်။

ကြေငြာချက်တစ်ခုမှာတော့  Cebu Pacific ဟာ Terminal 3 ကနေ ထွက်ခွာမယ့် သူ့ရဲ့ခရီးသည်တွေကို ပြန်ပြီး ဘွတ်ကင် လုပ်မလား ဒါမှမဟုတ်  ပြန်အမ်းငွေယူမှာလား ဆိုတဲ့အထဲက တစ်ခုကို ရွေးချယ်ခွင့်ပေးထား တယ်လို့ သိရပါတယ်။

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က လေဆိပ်ရဲ့  Terminal 3 မှာ ဓာတ်အားပုံမှန်ပြန်လည်ပတ်နိုင်ဖို့ရယ်၊ ထိခိုက်ခံစားနေ ရတဲ့ ခရီးသည်တွေ အတွက် အကူအညီတွေ အမြန်ဆုံးပေးဖို့ကိုလည်း သယ်ယူပို့ဆောင်ရေးအတွင်းဝန် ဂျိုင်မေ ဘာတစ္စတ ကို ညွှန်ကြားထားတဲ့အကြောင်း သမ္မတရုံးက ထုတ်ပြန် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Reuters/mi

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *