မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ကုန်းတန်းကျေးရွာအုပ်စု၊ကုန်းတန်းလေး ကျေးရွာ အဝင်လမ်းဘေး လမ်းပေါ်မှာ ဇွန်လ၁ရက်နေ့ မွန်းလွဲ၂နာရီ၁၀မိနစ်ခန့်က အသက်၁၆နှစ်အရွယ်လူငယ်အမျိုးသားတစ်ယောက် လမ်းဘေးမှာ ထောင်ထား ခဲ့တဲ့ မိုင်းကိုနင်းမိပြီး သေဆုံးမှုဖြစ်ပွားခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ၁ရက်နေ့ မွန်းလွဲ၂နာ ရီ၁၀မိနစ်က မတ္တရာမြို့နယ်၊ သုံးဆယ် ပေးကျေးရွာအုပ်စု၊သုံးဆယ်ပေးကျေးရွာနေ မောင်အောင်ပြည့်စုံ(၁၆နှစ်) ဟာ ပိုးသတ် ဆေးဝယ်ယူဖို့ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာခဲ့ရာ မတ္တရာမြို့နယ်၊ ကုန်း တန်းကျေးရွာအုပ်စု၊ကုန်းတန်းလေးကျေးရွာ၊အဝင်လမ်းဘေးမှာ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ထောင်ထားခဲ့တဲ့ မိုင်းကိုတက်နင်း မိခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးမောင်အောင်ပြည့်စုံမှာ ယာဘက် ရင်အုံ မိုင်းစထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ် နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။