မတ္တရာမြို့နယ် ဆယ်ပယ်ရွာမှာ ယာဉ် ထိန်းရဲတပ်ကြပ်ကြီးတစ်ယောက် အသတ် ခံရ

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ဆယ်ပယ်ရွာမှာ မေလ၂၇ရက်ညနေ၄နာရီ ခန့်က ဇနီးဖြစ်သူနေအိမ်ကို ခဏအလည် လာတဲ့ ယာဉ်ထိန်းရဲတပ်ကြပ်ကြီးတစ် ယောက် အမည်မသိလက်နက်ကိုင်၁၀ဦးကသေနတ်နဲ့ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံခဲ့ရတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဟာ မတ္တရာမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး အောင်ကျော်မျိုးဖြစ်ပြီး သူ့ကို သေနတ်နဲ့ရှစ်ချက်ပစ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တပ်ကြပ်ကြီး အောင်ကျော်မျိုးကို ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့ကနေ လုပ်ကြံသတ် ဖြတ်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာက သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။

Photo- အသတ်ခံခဲ့ရတဲ့ယာဉ်ထိန်းရဲတပ် ကြပ်ကြီးအောင်ကျော်မျိုး

Visited 227 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *