မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ နယ်၊လမိုင်းကျေးရွာအုပ်စု၊ကျောက်တံ တားကျေးရွာက လူမှုရေးအသင်းတစ် သင်းရဲ့ဥက္ကဋ္ဌဖြစ်သူဟာ သြဂုတ်လ၁၂ ရက်နေ့မနက်၇နာရီက အသင်းရုံးရဲ့ ရှေ့ မှာ တစ်ဦးတည်းထိုင်နေချိန် အမည်မ သိအမျိုးသားလေးဦး ဆိုင်ကယ်၂စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်တာ ကိုခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရသူမှာကျောက်တံတားကျေးရွာက ရွှေတံတားလူမှုကူညီရေး အသင်းဥက္ကဋ္ဌဦးမြင့်(၆၆နှစ်)နှစ် ဖြစ်ပြီး ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ပြီး မျက်နှာကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာဂျိုစောင်း ကျည် ဖောက်ဝင်ပြီး နဖူးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်စေ့ ကျည်ဖောက်ဝင်ပြီး နှာ
ခေါင်းရိုး အလယ်တည့်တည့် ကျည် ဖောက်ထွက်ဒဏ်ရာ၂ချက်၊ဝဲ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ယာပုခုံးကျည်ဖောက် ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ဝဲဂျိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။
photo– PAN