မတ္တရာမြို့နယ်မှာ ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး အသတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင် ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် လေး(၆၂နှစ်)ရဲ့နေအိမ်ကို စက်တင်ဘာ လ၅ရက် မနက်၇နာရီခွဲက အမည်မသိ အ မျိုးသား၆ဦး ဆိုင်ကယ်၃စီးနဲ့ ရောက်ရှိ လာပြီး အုပ်ချုပ်ရေးမှူးဦးကျော်လေးကို ဖမ်းဆီးသွားကာ ကျေးရွာလမ်းဆုံ နေရာ မှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံ တွေ ဆီက သိရပါတယ်။

ထန်းပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်လေး(၆၂နှစ်)ကို ဖမ်းဆီး သွားတဲ့ အဖွဲ့ကနေ သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဦး ကျော်လေးဟာ ယာ-မျက်လုံးမှဖောက် ဝင် ဦး ခေါင်းပွင့်ထွက်ဒဏ်ရာနဲ႔ အခင်း ဖြစ်နေရာတွင် သေဆုံးသွားတာလို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *