ချင်းပြည်နယ် မတူပီမြို့အနီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၆) အဆင့်ရှိ မြေငလျင်လှုပ်ရှားမှု မေလ ၁၂ ရက် နံနက် ၃ နာရီ ၁၄ မိနစ် ၅၅ စက္ကန့် အချိန်က ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၂)ဒီဂရီ၊ အနက် (၇၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Visited 1 times, 1 visit(s) today