မဏိပူရအရေး နာရင်ဒရာမိုဒီ အစိုးရမရှင်းနိုင်ပါလီမန်တွင် အယုံအကြည်မရှိအဆိုနှင့် ရင်ဆိုင်ရမည်

မြန်မာနဲ့နယ်နိမိတ်ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ မဲ့တယ်နဲ့ချင်းနွယ်ဖွား ကူကီးတိုင်းရင်းသားလူမျိုးစုနှစ်စုအကြားမှာ လွန်ခဲ့တဲ့နှစ်လအတွင်း အပြန်အလှန်တိုက်ခိုက်သတ်ဖြတ်ကြလို့သေတာ လူပေါင်း ၁၃၀ရှိပြီ။ ကူကီးချင်းရွာတွေ မီးရှို့ဖျက်ဆီးခံရလို့ လူတွေသိန်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။

အိန္ဒိယအစိုးရက မဏိပူရြပ်ည်နယ်ကို စစ်တပ်စေလွှတ်ပြီး ထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။ လူမှုကွန်ရက်ကနေ သတင်းမှားတွေထုတ်လွှင့်မှာစိုးလို့ အင်တာနက်လည်း ပြည်နယ်တဝန်းမှာ ပိတ်ထားခဲ့တယ်ဆိုတဲ့ကြားမှာတောင် မကြာသေးခင်က ဗီဒီယိုဖိုင်တစ်ခု တက်လာတယ်။

ကူကီးအမျိုးသမီးနှစ်ဦးကို မဲ့တယ်ယောကျ်ားတွေအုပ်စုဖွဲ့ပြီး မုဒိန်းကျင့်တဲ့ဗီဒီယိုလို့ စွပ်စွဲပြီး မဏိပူရအရေးကို ဇာတ်ရှိန်မြင့်လာအောင် ဝါဒဖြန့်ကြတံ့အတွက် အတိုက်အခံနိုင်ငံရေးပါတီတွေက အစိုးရကို မဏိပူရအရေးကို မထိန်းချုပ်နိုင်ရကောင်းလားဆိုပြီး ဝေဖန်ကြတယ်။

ဇူလိုင်၂၆မှာ အတိုက်အခံကွန်ဂရက်ပါတီကို ကိုယ်စားပြုတဲ့ ဥပဒေပြုပါလီမန်အမတ်တစ်ဦးက ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီအစိုးရကို မဏိပူရအရေးနဲ့ပတ်သက်ပီး အယုံအကြည်မရှိအဆိုတင်သွင်းဖို့ စည်းရုံးလှုံ့ဆော်တယ်။

ဇူလိုင်၂၇မနက်ပိုင်းရောက်တော့ အိနိ္ဒယပါလီမန်မှာ အတိုက်အခံပါလီမန်အမတ်တွေ အနက်ရောင်လှုပ်ရှားမှုလို့အမည်တပ်ပြီး အစိုးရကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့တောင်းဆိုနေကြတယ်။

ပြသနာတော့မရှိပါဘူး။ ပါလီမန်ထဲမှာ အာဏာရဘီဂျေပီပါတီရဲ့မဟာမိတ်တွေအင်အားများတဲ့အတွက် အယုံအကြည်မရှိအဆိုတင်ခံရရင် နာရင်ဒရာမိုဒီတို့ဖက်က နိုင်မှာသေချာတယ်။

Ref:BBC

Leave a Reply

Your email address will not be published. Required fields are marked *