ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်ကျေးရွာ၊ရန်ကုန်-ပြည်လမ်းပေါ် မှာ သြဂုတ်လ၂ရက်နေ့ မနက်၈နာရီခွဲခန့် Mini Busတစ်စီးနဲ့ဆိုင်ကယ်တစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးနဲ့ကလေးနှစ်ဦးသေဆုံးသွားခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


“ကားနဲ့ဆိုင်ကယ်ဘယ်လို တိုက်မိသွား တာလဲတော့မသိဘူး။ဆိုင်ကယ်စီးလာတဲ့သုံးယောက်စလုံးကားအောက်ရောက်ပြီး သေ သွားကြတယ်။အမျိုးသား၁ယောက်နဲ့က လေး၂ယောက်ပါ´´လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Mini Bus ပေါ်ပါအမျိုးသား၂ဦးနဲ့အမျိုးသမီး၅ဦး ထိ ခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကြပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသား၁ဦးနဲ့ က လေး၂ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ များနဲ့သေဆုံးသွားသူများရဲ့ ရုပ်အလောင်း များကို ပတ္တမြားလူငယ်ပရဟိတအသင်း နဲ့ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့က လူနာတင် ယာဉ်များနဲ့ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရ ပါတယ်။