ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃) လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ပေါ်အိုးအိမ်မှတ် တိုင်အနီးမှာ ဖေဖော်ဝါရီလ၆ရက်မနက်၂နာရီကျော်က ကားနှစ်စီး မျက် နှာခြင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး အိမ်စီးကားCrownပေါ်က အမျိုးသားတစ်ဦး ကားခေါင်းခန်းထဲ ညပ်မိပြီးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီ သိရပါတယ်။

“ယာဉ်တိုက်မှုလို့ပြောလို့သာ ကားမှန်းသိတာ။ တစီးလုံးကျိုးကြေနေပြီ။ ဘယ်လောက်တောင်ကြမ်းကြမ်းတိုက်မိထားလဲမသိဘူး၊ ကားကရောင်းကားလို့လဲကြားတယ် ကားနံပါတ်လဲမသိဘူး၊ လူလဲသေချာမတွေ့ရဘူး တော်တော်ပျက်စီးနေတာအပုံလိုက်ပဲ”လို့ အနီးနားဝန်းကျင်နေထိုင်သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းကတပ်ဖွဲ့ဝင်တွေနဲ့ထာဝရအလင်းတန်းလူမှုကူညီအသင်းက အသင်းဝင်တွေ ပူးပေါင်းပြီး ကူညီကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူအမျိုးသားရုပ်အ လောင်းကို ထာဝရအလင်းတန်းလူမှုကူညီအသင်းက လူနာတင်ယာဥ်နဲ့ မြောက်ဥက္ကလာမေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



