ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းမကြီးပေါ် ရာသက်ပန်ကားမှတ်တိုင်အနီးမှာ အောက်တိုဘာလ၁၇ရက်မနက်၁၁နာရီခွဲက ဘိလပ်မြေအိတ်များတင်ဆောင်မောင်းနှင်လာတဲ့တွဲကားဟာ တွဲကားဘရိတ်ပေါက်ပြီးလူမှုကူညီရေးအသင်းကားနဲ့အိမ်စီးကားနှစ်စီးကို တိုက်မိခဲ့တဲ့အပြင် လမ်းဘေးက လျှပ် စစ်ပစ္စည်းဆိုင်ထဲအထိ အရှိန်လွန်ပြီး ဝင်ရောက်သွားခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“တွဲကားဘရိတ်ပေါက်ပြီး လူနာတင်ကားကို တိုက်မိပြီး အိမ်စီးကားနှစ်စီးကိုပါ ဝင်တိုက်မိတာပါ။အိမ်စီးကားနှစ်စီးကတော့ တွဲကားနဲ့ချိတ်ပါသွားပြီး လမ်းဘေးမှာ ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ထဲပါသွားတယ်”လို့ မျက်မြင်တွေမိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာမှာ ဒေသခံပြည်သူများနဲ့မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 3 times, 1 visit(s) today