ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြိုနယ်၊ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းက ဇမ္ဗူရတနာကျောင်းတိုက်မှာ စက်တင်ဘာလ၁၁ရက်နေ့နေ့လယ်၁၂နာရီခန့်က ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေသံဃာတစ်ပါးက တူနဲ့ထုသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၁၁ရက်နေ့နေ့လယ်၁၂နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြိုနယ်၊ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းက ဇမ္ဗူရတနာကျောင်းတိုက်မှာ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တသီရိန္ဒ အသတ်ခံရတယ်လို့ သတင်းရရှိတာကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တသီရိန္ဒမှာ သီလပေးအဆောင် ဘုရားခန်းရှေ့ Dream Bedပေါ်မှာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာတစ်ချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့ သွေးထွက်ပြီး ပက်လက်အနေအထားနဲ့သေဆုံးနေတာကိုတွေ့ရပြီး စစ်ဆေးဖော်ထုတ်ထုတ်ချက်တွေအရ ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေသံဃာဖြစ်တဲ့ ဦးဇင်းဣန္ဒာစာရက တူနဲ့ထုသတ်ခဲ့တာဖြစ်ပြီး ကျောင်းအုတ်တံတိုင်းသစ် ဆောက်လုပ်တဲ့ကိစ္စအပေါ် ဆရာတော်ကဦးဇင်းဣန္ဒာစာရကို ကြိမ်းမောင်းခဲ့တာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် သတ်ခဲ့တာလို့ သိရပါတယ်။
ကျောင်းထိုင်ဆရာတော်ကို သတ်ခဲ့တဲ့ ဦးဇင်းဣန္ဒာစာရကို သိက္ခာချလူဝတ်လဲပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။