မင်္ဂလာဒုံမြို့နယ်တွင်ကားလေးစီးဆင့်တိုက်၊ ၃ဦးသေဆုံးကာ ဒဏ်ရာရသူအများအပြားရှိ

၇ အောက်တိုဘာ၊၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ pt power ဆီဆိုင်ရှေ့တွင်ယာဉ် (၄)စီး ဆင့်တိုက်ခဲ့၍ ၃ဦးသေဆုံးကာ ဒဏ်ရာရသူအများအပြားရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ၇ ရက် နံနက် ၇နာရီ ၁၅မိနစ်ခန့်က အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့် ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး(၄)ဦး၊အမျိုးသား(၁)ဦး ကလေးငယ်မိန်း ခလေး(၂)ဦး တို့အနက် အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)ဦးတို့ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့ကြကာဖယ်ရီကားပေါ် တွင် လိုက်ပါလာသည့် (ZKG အထည်ချုပ်စက်စုံ ) အမျိုးသမီး (၁၆)ဦး၊ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် လူနာများနှင့်သေဆုံးသူများအားမေဓါဝီဆေးရုံသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ကူညီခဲ့ကြကြောင်းသိရသည်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *