- ဘယ်အဖွဲ့က ဖောက်ခွဲခဲ့တာဆိုတာ မသိရသေး
ရန်ကုန်၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၇)၊ အာသာဝတီလမ်းသွယ်နဲ့ ရတနာဒီပံဘုန်းတော်ကြီး ကျောင်းအနီး လယ်ကွင်းထဲက Mytelတာဝါတိုင်ကို မတ်လ၂၇ရက်နံနက်၇နာရီခွဲလောက်က လက်လုပ်မိုင်းနဲ့ပစ်ခံခဲ့ရတယ် လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်လုပ်မိုင်းနဲ့ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် Mytel တာဝါတိုင် ၃ ချောင်းထောက်အနက် ၂ ချောင်းမှာ တိုင် အောက် ခြေကွန်ကရစ်တုံးနဲ့ သံတိုင်အောက်ခြေပေါက်ပြဲပျက်စီးခဲ့ပြီး ပေါက်ကွဲတဲ့နေရာအနီးမှာ ဝါယာကြိုးနဲ့တွဲလျက် ဆားကစ်ပြား၂ ခု၊ 9 volt ဓာတ်ခဲ ၄ လုံးတွဲ ၂ ခု၊ မိန်းခလုပ် ၁ ခုတို့ကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
Visited 13 times, 1 visit(s) today



