မင်္ဂလာဒုံမြို့နယ်က ယာဉ်တိုက်မှုမှာ အသက်မသေခဲ့တဲ့ကလေးငယ် ကွယ်လွန်

မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်း ပေါ် မှာ သြဂုတ်လ၂ရက်နေ့မနက်ပိုင်းက Mini Bus က ဆိုင်ကယ်ကို တိုက်မိခဲ့ပြီး အသက်မသေခဲ့တဲ့ အသက်၈နှစ်အရွယ် Grade-1ကျောင်းသူကလေးငယ်ဟာ ဆေး ဝါးကုသမှုခံယူရင်း သြဂုတ်လ၄ရက်နေ့ မနက်၅နာရီ၃၀မိနစ်မှာ ကွယ်လွန်သွား ခဲ့တယ်လို့ ကလေးငယ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သြဂုတ်လ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ ယာဉ်တိုက်မှုမှာ ကျောင်းသူလေးတွေ စီးလာတဲ့ဆိုင်ကယ်ကို Mini Busက ဝင် တိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာ ရှစ်တန်းကျောင်းသူလေးနဲ့ဆိုင်ကယ် မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခုကွယ် လွန်သွားခဲ့တဲ့ အသက်၈နှစ်အရွယ် Grade-1ကျောင်းသူလေးဟာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ဆေးကုသရင်း ကွယ်လွန်သွားခဲ့ တာလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *