မင်္ဂလာဒုံမြို့နယ်က စာသင်ကျောင်းဆောင်ဟောင်းတစ်ခုမှာ မီးလောင်မှုဖြစ်

■မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေးဘဲမီးသတ်ဦးစီးဌာနက စိစစ်နေဆဲဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေး ရွာ၊ ရန်ကုန်ပြည်ကားလမ်းဘေး၊ ရဲဘော်ဟောင်းမှတ်တိုင်အနီးက ကျောင်းဆောင်ဟောင်းတစ်ခုမှာ ဖေဖော်ဝါရီလ ၂၈ရက် မနက်၁နာရီ၂၈မိနစ်က မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီး သတ်ယာဉ်(၂)စီးနဲ့ ပုလဲအရန်မီးသတ်စခန်းမှမီးသတ်ယာဉ် (၄)စီးတို့ ထွက်ခွာငြှိမ်းသတ်ပေးခဲ့ရာ မနက်၁နာရီ၃၇မိနစ်မှာမီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *