ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊မင်္ဂလာဒုံစစ်ဆေးရုံအနီးမှာ စက်တင်ဘာလ၄ရက်မနက်၉နာရီခွဲက လမ်းဘေးမှာ ထောင်ထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ဗုံးတွေ့ရှိခဲ့ရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။


“ဗုံးတွေလို့ဆိုပြီး ကားလမ်းကို ခဏပိတ်ထားပါတယ်။စစ်သားတွေရောက်လာပြီး ဗုံးကို ဖောက်ခွဲရှင်းလင်းပြီးတော့မှ လမ်းပြန်ဖွင့်ပေးခဲ့တယ်´´လို့ပြည်သူတစ်ဦးက ပြောပါတယ်။
ဗုံးတွေ့ရှိရာနေရာကို စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး လမ်းသွားလမ်း ပြည်သူများအန္တရာယ်ကင်းဖို့ ဗုံးတွေ့ရှိတဲ့နေရာက လမ်းကို ခဏပိတ်ပြီး ဗုံးကို ဖောက်ခွဲရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။