■Cctvမှတ်တမ်းများအရ Hotelကနေ အလုပ်ထုတ်ခံထားရသူက မကျေနပ်လို့ လာသတ်သွားတာလို့ ယူဆရ
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်မှာရှိတဲ့ ESPERADO ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်းရဲ့မိန်းမဖြစ်သူ ဒေါ်သန်းသန်းဦး (ခေါ်)မာရီယမ်ဟာ ဓါးနဲ့ခုတ်သတ်ခံထားရပြီး ရုပ်အလောင်းကို ဖေဖော်ဝါရီလ၁၃ ရက်၁၃ရက် Hotelရဲ့ သုံးလွှာက အခန်းတစ်ခန်းထဲမှာ တွေ့ရှိခဲ့တယ်လို့ ဟိုတယ်နဲ့ နီး စပ်သူတွေဆီက သိရပါတယ်။
ဒေါ်သန်းသန်းဦး (ခေါ်)မာရီယမ်ဟာ နောက်ကျောမှာ ဓါးဒဏ်ရာ ငါးချက်နဲ့ သေဆုံးနေတာဖြစ်ပြီး သူရဲ့သားဖြစ်သူဟာ အမေဖြစ်သူကို ဖုန်းခေါ်မရတာကြောင့် မိခင်ဖြစ်သူနေထိုင်တဲ့ ဟိုတယ်အခန်းကို မာစတာကီးနဲ့အခန်းကိုဖွင့်ရာမှာ အခန်းအတွင်း မိခင်ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးသူရဲ့ ယောက်ျားဖြစ်သူဟာ ကြံ့ခိုင်ရေးပါတီဝင်မောင်တောလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်ဖြစ်ပြီး ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ESPERADO ဟိုတယ်ဥက္ကဋ္ဌ ဖြစ်ကာ ဘာသာပေါင်းစုံချစ်ကြည်ရေး ဗဟိုဒုဥက္ကဋ္ဌလည်း ဖြစ်တယ်လို့ သိရပါတယ်။



