မင်းသား ဒန်နီ မာစတာဆန် မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ်၃၀ ချမှတ်ခံရ

တရားခွင်မှာတွေ့ရတဲ့ မင်းသား မာစတာဆန်
Photo Credit: IGN Southeast Asia

လော့စ်အိန်ဂျလိ့စ်၊ စက်တင်ဘာ ၇

လော့စ်အိန်ဂျလိစ်တရားရုံးမှာ အခုနှစ်အစောပိုင်းက မုဒိမ်းမှု နှစ်မှုနဲ့ စွဲချက်တင်ခံရပြီးတဲ့နောက်  အမေရိကန် မင်း သား ဒန်နီ မာစတာဆန် ကို စက်တင်ဘာ ၇ရက် ကြာသပတေးနေ့က ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့တယ်လို့ လော့စ်အိန်ဂျလိ့စ် ခရိုင်ရှေ့နေရုံးက ရေးနောလ် မူလာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

 မင်းသားဟာ အမှု့အတွက်  အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခံရတာလည်း ဖြစ်တယ်လို့ မူလာက ပြောပါတယ်။

“That’70s Show” ကြယ်ပွင့် အသက်၄၇ နှစ် အရွယ် မင်းသားဟာ မေလနှောင်းပိုင်းက သူကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့  မုဒိမ်းမှု သုံးခုအနက် နှစ်ခုမှာ အပြစ်ရှိတာ တွေ့ရှိခဲ့ပြီး နောက်တော့ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရ တာပါ။

မာစတာဆန်ဟာ ၂၀၀၁ခုနဲ့ ၂၀၀၃ခုနှစ်တွေဆီမှာ သီးခြားစီ ကျူးလွန်ခဲတဲ့ မုဒိန်းမှုတွေအဖြစ် သူ့ရဲ့ နေအိမ်မှာပဲ အမျိုးသမီးသုံးဦးကိုမုဒိမ်းကျင့်ခဲ့တဲ့ အမှုအတွက် အခုလို ပြစ်ဒဏ်ကျခံ ရတာ ဖြစ်ပါတယ်။

တရားခံရှေ့နေတွေ အနေနဲ့ ရှောင်း ဟိုးလေးနဲ့ ဖိလစ် ကုဟန် တို့က လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြတာလို့ သိရပါတယ်။ တရားခံ ရှေ့နေတွေရဲ့ စကားအရ ပစ်ဒဏ်ကို အယူခံ ဝင်သွားမယ်လို့ လည်း သိရပါတယ်။

မင်းသားအမည်ရင်းက  ဒန်နီရယ် ပီတာ မာစတာဆန် ဖြစ်ပြီး နယူးယော့ခ်မှာ မွေးဖွားခဲ့သူပါ။  The 70s Show၊ Men at Work  စတဲ့ ရုပ်သံရှိုးတွေနဲ့ နာမည် ကျော်ခဲ့သူဖြစ်ပါတယ်။

မာစတာဆန်အတွက် အခု ပစ်ဒဏ်ဟာ Scientology ဘုရားကျောင်းအဖွဲ့ဝင်ဟောင်းအမျိုးသမီးနှစ်ယောက်ကို အဓမ္မပြု မုဒိန်းကျင့်မှုနဲ့  ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: CNN

Feature Image credit:  Getty Images & Epics/Getty Images

Leave a Reply

Your email address will not be published. Required fields are marked *