မင်းသား ဂျိုး အယ်လ်ဝင် နဲ့ လျှို့ဝှက်လက်ထပ်ထားတယ် ဆိုတဲ့ သတင်းကို တေလာ ဆွစ်ဖ်က ငြင်း

လန်ဒန်၊ ဒီဇင်ဘာ ၂

 ပေါ့ပ်စတား တေလာ ဆွစ်ဖ် တစ်ယောက်  သူ့ရဲ့ ရည်းစားဟောင်း ဂျိုး အယ်လ်ဝင်နဲ့ တိုးတိုးတိတ်တိတ်လေး လူမသိအောင် လက်ထပ်ထားတယ်ဆိုပြီး လူပြောများနေတာကို မဟုတ်ဘူးလို့ ငြင်းလိုက်ပါတယ်။

အင်စတာဂရမ် က အတင်းအဖျင်း အကောင့်တစ်ခုမှာ ပေါ်လာတဲ့ ပို့စ်တစ်ခုမှာ ၂၀၀၀ခုနှစ် ဒါမှ မဟုတ် ၂၀၂၁ခုနှစ်မှာ တေလာ ဆွစ်ဖ် နဲ့ ဂျိုး အယ်လ်ဝင် တို လက်ထပ်ထားတယ်ဆိုတဲ့ သတင်းတက်လာခဲ့တာပါ

 တေလာ ဆွစ်ဖ် ကတော့ ဒီလို လုပ်ကြံသတင်းတွေက ရိုးနေပါပြီ ဆိုပြီး x ( Twitter) ကနေ ပြန်ရေးခဲ့ပါတယ်။

“တစ်ခါမှ ဒါမျိုး  မလုပ်ဖူးဘူး။”လို့လည်း တင်လိုက်ပါသေးတယ်။

NFL ကစားသမား ထရာဗစ် ကယ်လ်စီ နဲ့ တေလာ ဆွစ်ဖ်တို့ ငြိသွားတဲ့နောက် တေလာနဲ့ ဂျိုးတိုရဲ့ လမ်းခွဲသတင်း ၂၀၂၃ မေလမှာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်း ဖြစ်သွားခဲ့ပါသေတယ်။

အခုတော့အင်စတာဂရမ်မှာ ပို့စ်တင်တဲ့သူက “ဘာပဲဖြစ်ဖြစ် Taylor ကို တောင်းပန်ပါတယ်” လို့ ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။

တေလာ ဆွစ်ဖ်ကို ၁၉၈၉ခုနှစ်က အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဘေးနီးယားမှာ မွေးဖွားခဲ့တာမို့ အခုဆို အသက် ၃၃နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။ ဂီတလောကကို ၂၀၀၄ခုနှစ်မှာ စဝင်ခဲ့ပြီး ၂၀၀၆ခုနှစ်ကနေ ၂၀၂၂ခုနှစ် အထိ သီချင်း အယ်လ်ဘမ် ၁၀ခု ထွက်ထားပြီး ဖြစ်သလို စုစုပေါင်း အယ်လဘမ်ချပ်ရေ ၂၆သန်းရောင်ချခဲ့ရပြီးလည်းဖြစ်ပါတယ်။  ဂရမ်မီဆု ၁၂ဆု ကို လည်း ဆွတ်ခူးရရှိထားပါတယ်။

ReF: BBC

ပုံစာ၂၀၂၃ နှစ်စမှာ တွေ့ရတဲ့ တေလာ နဲ့ ဂျိုး

Feature Image Credit: Getty Images

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *