
Photo Credit: Julie Soefer/Architectural Digest
ဟောလိဝုဒ်၊ ဧပြီ ၉
ရုပ်ရှင်သရုပ်ဆောင်ဟစ်လာရိ ဆွမ့် တစ်ယောက် ဧပြီ ၉ရက် တနင်္ဂနွေနေ့က သူ့ရဲ့ အမွှာကလေးလေး နှစ်ယောက်အတူ နေဝင်တာကို ကြည့်နေတဲ့ပုံ တစ်ပုံ အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။ အမွှာလေးတွေက ယောက်ျားလေး နဲ့ မိန်းက လေးပါ။
တကယ်တော့ ဒီကလေးလေးနှစ်ယောက်နဲ့ အပြင်မှာ ဒီလို ဓါတ်ပုံရိုက်ရတာ တကယ်မလွယ်ပါဘူးလို့ ဟစ်လာရီက ပြောပါတယ်။ သူတင်လိုက်တဲ့ ပို့စ်အောက်မှာတော့ “ ဒီပို့စ်ကို ကောင်းကင်ဘုံကနေတင်သည်” ဆိုတဲ့ စာကြောင်းရေး ထားတာကိုလည်း တွေ့ရမှာပါ။
ဟစ်လာရီဟာ လက်ရှိ ခင်ပွန်း စီးပွားရေးလုပ်ငန်းရှင် ဖိလစ် ရှနိုက်ဒါနဲ့ ၂၀၁၈ မှာ လက်ထပ်ခဲ့ကြတာပါ။
ဟစ်လာရီကို ၁၉၇၄ခုနှစ်က အမေရိကန်နိုင်ငံမှာ မွေားဖွားခဲ့ပြီး ၁၉၉၁ခုနှစ်မှာ ရုပ်ရှင်လောကထဲ စဝင်ကာ ၁၉၉၂ခုနှစ်ကစပြီး၊ ရုပ်သံစီးရီးနဲ့ ရုံတင်ဇာတ်ကား တွေ အခု အမွှာလေးတွေ မီးမဖွားခင် ၂၀၂၃ အထိ မနားတမ်း အများအပြား ရိုက်ကူးခဲ့ရသူပါ။ ၂၀၂၃မှာ ပြသခဲ့တဲ့ ဟစ်လာရီ ပါဝင်သရုပ်ဆောင်ထားတဲ့ Alasaka Daily ရုပ်သံဇာတ်လမ်းတွဲ ကလည်း ဆန်ကာတင်ဆု တွေ ချိတ်ခဲ့ပြီး အရမ်းပေါက်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ သူ့ပရိသတ်တွေ အဖို့ အမွှာလေးနဲ့ ဟစ်လာရီ ပုံကို သဘောတွေ အရမ်းကျနေတဲ့ အကြောင်း ဖော််ပြပေးလိုက် ပါတယ်။
Ref : Hollywood Life