မင်းသမီး ဆိုဖီယာ ဗယ်ဂါးရား နဲ့ မင်းသားဂျိုး မန်ဂါနီရဲလို တို့ ကွာရှင်းတော့မယ်လို့ဆို

ဟောလိဝုဒ်၊ ဇူလိုင် ၁၇

ကိုလံဘီယာနဲ့ အမေရိကန် နွယ်ဖွား ဟောလိဝုဒ်မင်းသမီး ဆိုဖီယာ ဗယ်ဂါးရားနဲ့ နာမည်ကြီး အမေရိကန်သရုပ် ဆောင် မင်း သား ဂျိုး မန်ဂါနီရဲလိုတို့  အိမ်ထောင်ရေးဟာ ရှစ်နှစ်နီးပါး အကြာမှာတော့ တရာ:ဝင်အဆုံးသတ်ကြတော့မယ်လို့ သိ ရပါ တယ်။

သူတို့စုံတွဲက ဇူလိုင် ၁၇ရက် တနင်္လာနေ့မှာ နာမည်ကျော်တွေရဲ့ သတင်းတွေ၊အတင်းအဖျင်းတွေ ဖော်ပြနေတဲ့  PageSix သတင်း ပလက်ဖေါင်းမှာ  “ကွာရှင်းရန် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်ကြပါပြီ။” ဆိုတဲ့  သူတို့နှစ်ယောက်ပေါင်းပြီး ထုတ်လိုက်တဲ့သတင်းတစ်ခု က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ page six မှာပဲ “တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ပြီး ဂရုစိုက်တဲ့လူနှစ်ယောက်အနေနဲ့ ဒီအချိန်မှာ ငါတို့ဘဝရဲ့ နေ့အ သစ် ကို လျှောက်လှမ်းမယ့်အချိန်မှာ  ငါတို့ရဲ့ကိုယ်ရေးကိုယ်တာကို လေးစားပေးဖို့ မေတ္တာရပ်ခံ ပါတယ်”ဆိုပြီး သူတို့ ရေး ထား တဲ့ စာလည်း ပရိသတ်တွေ ဖတ်ခဲ့ကြရပြီး ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၄ မှာ တွေ့ကြပြီး နောက်ခြောက်လအကြာမှာ စေ့စပ်ခဲ့ကြပါတယ်။ အဲ့ဒိနောက် ၂၀၁၅ မှာ လက် ထပ်ခဲ့ကြပြီး အခုတော့ ရှစ်နှစ်တာ လက်တွဲဖက်တွေ အဖြစ်ကနေ ကိုယ်စီလမ်းခွဲကြတော့မှာမို.  ပရိသတ်တွေရဲ့  စိတ်မ ကောင်း တဲ့ မှတ်ချက်တွေက အင်တာနက်လူမှုစာမျက်နှာပေါ်မှာ တွေနေကြရပါပြီ။ ကွာရှင်းရတဲ့ အကြောင်းရင်ကိုတော့ ဘေး က နေ အမျိုးမျိုးထင်ကြေးပေးနေပေမယ့် နှစ်ယောက်လုံးရဲ့ အကြောင်းပြချက်ကိုတော့ တိတိကျကျ မသိရသေး ဘူး လို့ လည်းဆိုနေကြကြောင်းပါ။

Ref:CNN

ပုံစာအညွှန်း။ ၂၀၁၈ခုနှစ်က အော်စကာပါတီမှာ တွေ့ရတဲ့ ဂျိုးနဲ့ ဆိုဇီယာတို့ စုံတွဲ

Photo Credit: Evan Agostini/Invision/Evan Agostini/Invision/AP

Leave a Reply

Your email address will not be published. Required fields are marked *