မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊ မင်းလှ-မင်းဘူးကားလမ်း၊ ရွာတော်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၁၄/၂)မှာ ဇန်နဝါရီလ၁၀ရက်မနက်၉နာရီခန့်က ကုန်တင်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ယာဥ်တိုက်မှုကြောင့် ခေါင်းခန်းတွင်းညပ်မိခဲ့တဲ့ ယာဥ်မောင်းအမျိုးသားထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ယာဥ်ပေါ်ပါ
အမျိုးသား(၂)ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့တာ
ကြောင့် အပ္ပမာဒလူမူကူညီရေးအသင်းက လူနာတင် ယာဉ်နဲ့မင်းလှမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာကို မင်းလှမြို့နယ်မီးသတ်စခန်းကသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ် ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 51 times, 1 visit(s) today



