- ကားပေါ်မှာ လိုက်ပါလာတဲ့သူ ၂ယောက် ဒဏ်ရာပြင်းထန်ပြီး ၁၂ယောက် ဒဏ်ရာ အ နည်းငယ်ရ

ဓါတ်ပုံ။ မင်းလှလူမှုကယ်ဆယ်ရေး အ သင်း၊Hnin Hnin Hlaing
မင်းလှ၊ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊သပြေစမ်းကျေးရွာအုပ်စု၊ဂင်ဒိတ်ကုန်းကျေးရွာ အနီး၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင် အ မှတ် ၁၀၁/၃နဲ့၁၀၃/၄အကြားမှာမတ်လ၁၉ရက်နံနက်၆နာရီခွဲလောက်ကဆိုင်းအဖွဲ့ကားတစ်စီး နောက်ဘီးကျွတ် ထွက်ပြီး လမ်းမြောင်းအတွင်းထိုးကျတိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး ဆောင်ရွက်ခဲ့သူတွေဆီက သိရပါ တယ်။
“မနက်၆နာရီခွဲလောက်က တယ်ဂင်ဒိတ် ကုန်းထိတ်အရှေဘက်မှာဖြစ်တာ နောက် ဘိမ်းကျွတ်ထွက်ပြီးဖြစ်တာ ကံကောင်း တာ ကလူအသေပျောက်ဒဏ်ရာ အကြီးကျယ် မဖြစ်တာဘဲမျက်နှာမသစ်ရသေးဘူးခုချိန်ထိ ရန်ကုန်ကနေ ပေါင်းတည် ဝက် ပုတ် မှာ ဆိုင်းတီးဖို့ အလာမှာဖြစ်တာ ကားပေါ်က ပစ္စည်းတွေချပီးကားပြန်ထောင်ဖို့ အကုန် လုံး ဝိုင်းဝန်းကူညီ နေကျ တာ ကျေးဇူးပါ´´လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
တိမ်းမှောက်ဖြစ်ပွားခဲ့တဲ့ ဆိုင်းအဖွဲ့ကတော့ ရန်ကုန်မြို့၊သာကေတမြို့နယ်က ခေတ်သစ် ဇော်ဇော်ဗိုလ် လက်ရွေးစင်ဆိုင်း အဖွဲ့ ဖြစ်ပြီး ဆိုင်းအဖွဲ့ဝင် (၂)ယောက် ဒဏ်ရာ ပြင်းထန်ပြီး (၁၂)ယောက် ဒဏ်ရာ အနည်း ငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်မှုဖြစ်ပွားရာကို မင်းလှ မြို့နယ်မီးသတ်တပ်ဖွဲ့၊စေတနာရှင်ပရဟိတအသင်းနဲ့မင်းလှလူမှုကယ်ဆယ်ရေး အသင်း တို့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြရပြီး ဒဏ်ရာရလူနာတွေကို မင်းလှမြို့ပြည်သူ ဆေးရုံကို ပို့ ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။