မင်းရာဇာ၊ဇနီးနဲ့မန်နေဂျာတို့ကို ထပ်တိုးထောင်ဒဏ် ၂နှစ်စီ ထပ်မံချမှတ်

အိမ်အကူအမျိုးသမီးငယ်လေးအား အပြင်းအထန်နာကျင်စေမှု၊မုဒိန်းမှု စတဲ့အမှုတွေနဲ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရတဲ့ မင်းရာဇာ၊ဇနီးဖြစ်သူနဲ့ မန်နေဂျာဖြစ်သူတို့ကို ၂၀၂၃ မေလ ၂၉ ရက် နေ့က ခရိုင်တရားရုံးကနေ ထပ်တိုး ထောင် ဒဏ် ၂နှစ်စီ ထပ်မံချမှတ်ခံခဲ့ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

မင်းရာဇာ၊ဇနီးဖြစ်သူ ဖူးငုံပွင့် နှင့် မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို ပြီးခဲ့တဲ့မတ်လအတွင်းက မြောက်ဥက္ကလာပတရားရုံးကနေ ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခံထားရပြီး ဖြစ်တယ်လို့ သိရပါတယ်။

မင်းရာဇာမှာ ဧပြီလ၂၀ရက်ကလည်း သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ မုဒိန်း မှုပုဒ်မ ၃၇၆ အလုပ်နှင့်ထောင်ဒဏ်(၂၀) နှစ်ချမှတ်လိုက်ထားရပြီးဖြစ်တာကြောင့်မင်းရာဇာအနေနဲ့ ယခုထပ်တိုးထောင် ဒဏ် ၂နှစ်အပါအဝင် စုစုပေါင်း အလုပ်နှစ် ထောင်ဒဏ်(၂၇)နှစ်အထိ ချမှတ်ခံ ထားရပြီး ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *