နေအိမ်၊စာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အဦများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရ

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းမှာ မတ်လ၂၁ ရက်နေ့ည၈နာရီကျော်ကနေ၁၀နာရီအတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းက နေအိမ်၊စာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အဦများဟာ ခေါင်မိုးလန်ပြီး ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့အပြင် သစ်ပင်များနဲ့ဓါတ်တိုင်များ လဲပြိုပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ဘဲ ထိ ခိုက်ဒဏ်ရာရရှိမှုများသာဖြစ်ပွားခဲ့ရတယ်လို့လည်း သိရပါတယ်။
လေပြင်းတိုက်အပြီး အပျက်အစီးမြင်ကွင်းတချို့


Visited 29 times, 1 visit(s) today



