မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်အတွင်းမှာ ရေယာဉ်တစ်စီး နစ်မြုပ်မှုဖြစ်ပွား

စစ်ကိုင်းဒေသကြီး၊မင်းကင်းမြို့နယ်၊မောက္ကတော်နဲ့ ပန်းဆက်ရွာအကြား၊ရှဲနက်တောင်ခြေအနီးက ချင်းတွင်းမြစ်အတွင်းမှာ စက်တင်ဘာလ၁၉ ရက် မနက်၁၀နာရီခန့်က မြစ်အထက်ပိုင်းက စုန်ဆင်းလာတဲ့ ရေယာဉ်တစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦး သိရပါတယ်။

နစ်မြုပ်သွားတဲ့ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ခရီးသည်ဟာ ၁၀၀ကျော်ရှိပြီး ခန္တီးနယ်ဘက်ကနေ အကြောင်းအမျိုးမျိုးနဲ့ ရေယာဉ်စီးလာကြတဲ့ ဝန်ထမ်းတွေ၊ကျောင်းသားကျောင်းသူတွေ၊ကလေးတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားရတဲ့အကြောင်း အရင်းကို မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့လည်းသိရပါတယ်။

ဓာတ်ပုံ… ချင်းတွင်းမြစ်ကြောင်းစုန်ဆင်းလာတဲ့ ရေယာဉ်တစ်စီး

Leave a Reply

Your email address will not be published. Required fields are marked *